ကုမ္မဏီအလုပ်လျှောက်နေကြတဲ့လူငယ်လူရွယ်တိုင်းရဲ့ CV ထဲမှာဒီအချက်တွေပါနေရင် အခုပဲပြင်လိုက်ပါ။
Non Professional Email Addresses
ကိုယ့် အီးမေးလ်လိပ်စာဟာ fighterkaunglay@gmail ၊ sassygirllay@ စသည်ဖြင့် unprofessional ဖြစ်တဲ့လိပ်စာတွေကိုထည့်သွင်းမိထားတယ်ဆိုရင်ချက်ချင်းပြင်ပါ။ကိုယ့်အပေါ် first impression အနေနဲ့အထင်တောင်သေးသွားနိုင်ပါတယ်။
မသက်ဆိုင်တဲ့အလုပ်အတွေ့အကြုံတွေ
ကိုယ်တိုင်အလုပ်လုပ်ခဲ့တဲ့ရှိသမျှအတွေ့အကြုံတိုင်းကို Experience Year များအောင်ထည့်သွင်းနေမဲ့အစားသေချာရွေးချယ်ပြီးထည့်သွင်းဖော်ပြထားတာမျိုးလုပ်ဆောင်ရပါမယ်။
ဒီနေရာမှာပြောချင်တာက ကိုယ်က Engineer Position လျှောက်ထားတယ်။ ကိုယ် Foodpanda ပို့ခဲ့တဲ့ part-time အတွေ့အကြုံကိုပါ လုပ်သက်များအောင်ရည်ရွယ်ချက်နဲ့ CV ထဲထည့်ထားမယ်ဆိုရင် irrelevant ဖြစ်ပြီးသက်ဆိုင်ရာ HR ရဲ့စိတ်၀င်စားမှုလျော့ကျသွားနိုင်ပါတယ်။ ရှိနေပြီးသား Engineer အတွေ့အကြုံကိုပဲအလေးထားဖော်ပြထားသင့်ပါတယ်။
စာအရှည်ကြီးတွေရေးထားတာ
ကိုယ့်အလုပ်အတွေ့အကြုံအပြင်အခြားအရာတွေကိုပါ ၀တ္တုရေးသလိုမျိုးအရှည်ကြီးတွေရေးထားတာမျိုးကိုရှောင်ကြဉ်သင့်ပါတယ်။ အဓိကက ကိုယ်ပြောချင်ဖော်ပြချင်တာကို Direct သိသွားစေဖို့ စာကြောင်းရေနည်းနည်းနဲ့ထိထိမိမိရေးသားထားသင့်ပါတယ်။
Hobby ကိုထည့်ထားတာ
အတော်များများကတော့ ကိုယ့် hobby ကိုထည့်ထားကြပါတယ်။ ဥပမာ- Reading, Playing Guitar စသည်ဖြင့်ပေါ့။ မကောင်းတာမဟုတ်ဘူး၊ ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် ဒါဟာသိပ်တော့မလိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ HR တွေက Hobby ကြည့်ပြီးကိုယ့် Personality အကဲခတ်မယ်စဉ်းစားပြီးထည့်ထားတယ်ဆိုရင်တော့ တစ်ရက် CV ရာကျော်ကြည့်နေရတဲ့ HR တွေအတွက် ဒီ hobby section ဟာသိပ်ပြီးအရေးမကြီးတဲ့ section တစ်ခုဖြစ်ပါတယ်။ HR တစ်ဉီးနဲ့တစ်ဦးအမြင်ကတော့မတူဘူးပေါ့၊ ဒါပေမယ့် ဒါဟာကိုယ့် CV ရဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်မှုကိုလျော့ကျစေတဲ့အရာတစ်ခုမို့ဖြစ်နိုင်ရင်ဖြုတ်ထားသင့်ပါတယ်။
ကဲ! လူငယ်တွေအတွက် အလုပ်လျှောက်တဲ့အခါအထောက်အကူဖြစ်အောင် သိသမျှလေးဝေမျှထားခြင်းဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။